ရန်ကုန်မဟာကျိန်သစ္စာရှင်ဘုရား တွင် ထူးဆန်းသောဖြစ်ရပ်တခုဖြစ်ပွား အဓိဌာန်ဆရာတော်အရှင်ဘုရား
ကြေးရုပ်ထု
အား နတ်ဘီလူးကြီးတစ်ပါး လာရောက်ပန်းဆက်
ကဆုန်လပြည့်နေ့ (၀၅ - ၀၅ -၂၀၁၂)နေ့ တွင်
ရန်ကုန်မဟာကျိန်သစ္စာရှင်ဘုရား တွင် ထူးဆန်းသောဖြစ်ရပ်တခုဖြစ်ပွား
ခဲ့ သည် ။ (၀၄-၀၅-၂၀၁၂)နေ့ ညနေဘက်ကရန်ကုန်မြို့ မြောက်ဥက္ကလာပရှိ
မဟာကျိန်သစ္စာရှင်ဘုရားကြီးတွင်
တချို့ သော ဘုရားဖူး ရဟန်း ရှင်လူ ပြည်သူများ ဘုရားလာဖူးယင်း အမှတ်တရဓာတ်ပုံများရိုက်ကူးပြီးနောက် မိမိတို့ ၏
ဓါတ်ပုံများထဲတွင် နတ်ဘီးလူးကြီးတစ်ပါးမှမဟာကျိန်သစ္စာရှင်ဘုရားကြီးတည်ထောင်သူ
ဆရာတော်အရှင်ကုလရက္ခိတ၏
ကြေးရုပ်တုအား ပန်းအိုးလာရောက်ဆက်သနေသည်ကို ပုံပါအတိုင်း ထူးဆန်းစွာတွေ့ ရပါသည် ယခုနှစ်ဆယ်တန်းဖြေဆို
ထားသောမောင်အဲထူးနောင်မှ သူငယ်ချင်း
နှင့်အတူ ဘုရားလာဖူးရင်းသူ၏မိုဘိုင်းဖြင့်ရိုက်ကူးထားသောပုံဖြစ်သည်
အခြားဘုရားဖူးများမှလဲ ရိုက်ကူးထားသော ဓါတ်ပုံများတွင်ဆရာတော်အားပန်းဆက်သနေသော နတ်ဘီးလူးပုံကို
ထူးဆန်းစွာမြင်တွေ့ ရသဖြင့်
ယနေ့ နံနက်တွင်ဆရာတော်ဘုရားကြီးအား ရိုက်ထားသောပုံများလာရောက်ပြသကြ
ကြောင်းသိရသည် ။ အမှန်မှာဆရာတော်၏ရုပ်ထုတ၀ိုက်တွင် မည့်သည့်ပန်း ၊ ပန်းအိုးမျှ မရှိချေ ။ နတ်ဘီးလူးကြီး၏
ပုံသည်ဓါတ်ပုံထဲတွင်သာ ထင်ခြင်းဖြစ်ကြောင်း ထူးဆန်းစွာသိရှိရပါသည်။
ဓါတ်ပုံများကိုနှိပ်၍ ပုံကြီးချဲ့ ကြည့်ပါရန်-----------